၂ စက်တင်ဘာ

ဘဟားမားစ်တွင် ဟာရီကိန်းမုန်တိုင်း ဒိုရိန်း  လေပြင်းအဆက်မပြတ်တိုက်ခတ်ခဲ့ရာ ထိုကျွန်းများတွင် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရသည်။

ဖလော်ရီဒါ အရှေ့ဘက် ၃၀ဝ ကီလိုမီတာ အကွာခန့် ၊ ဘဟားမားစ် မြောက်ပိုင်းရှိ အေဘာကိုကျွန်းများတွင် ယမန်နေ့က  ဒိုရိန်း တိုက်ခတ်ခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုရှိ မိုးလေးဝသဆိုင်ရာ တာဝန်ရှိသူများကဆိုသည်။

ဟာရီကိန်းမုန်တိုင်းအဆင့် ငါးအဖြစ် သတ်မှတ်ထားသည့် ထိုပြင်းအားအကောင်းဆုံးမုန်တိုင်းသည် တစ်နာရီ ၂၉၅ ကီလိုမီတာ အထက် လေပြင်းအဆက်မပြတ်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဘဟားမားစ်နိုင်ငံ ပင်လယ်ကမ်းခြေမြို့တစ်မြို့ ရှိ အိမ်များလမ်းများပေါ်တွင် ပင်လယ်ရေများလွှမ်းမိုးနေသည်ကို ဗွီဒီယိုဖိုင်တွင်ပြသခဲ့သည်။

ယင်းနိုင်ငံ ဝန်ကြီးချုပ် ဟူဘတ်မီနစ်က ၎င်းဟာရီကိန်း မုန်တိုင်းသည် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်ပြီး ဘေးကင်းရာသို့ပြောင်းရွှေ့ကြရန် ပြည်သူများကို တိုက်တွန်းခဲ့ပြီး သတိပေးပြောကြားခဲ့သည်။

အဆိုပါ ဒိုရိန်းမုန်တိုင်းသည် တနင်္လာနေ့မှ အင်္ဂါနေ့ အထိ ဖလော်ရီဒါ ကို ဝင်ရောက်ကာ မွှေနှောက်ဖျက်စီးမည်ဖြစ်ကြောင်း မိုးလေဝသ တာဝန်ရှိသူများက ဆိုသည်။အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် မြောက်ဘက်သို့ဆက်လက်ရွေ့လျားသွားဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။

ဖလော်ရီဒါကို အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ကာ ဒေသခံများကို ဘေးကင်းရာသို့ရွှေ့ပြောင်းကြရန် တိုက်တွန်းပြောကြားထားကြောင်း ဖော်ပြထားသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို