ပြုံယမ်း မတ် ၂၇

 

ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့က နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ယမန်နေ့က လက်မှတ်ရေးထိုး ခဲ့ကြသည်။

 

ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက မတ် ၂၅ ရက်တွင် ၎င်း၏ ပထမဆုံး တရားဝင်ခရီးစဉ် အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်။

 

မတ် ၂၆ ရက်တွင် ၎င်းက ခေါင်းဆောင်ကင်ဂျုံအန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စာချုပ်များကို လက်မှတ်ရေးထိုးခဲ့သည်။

 

နှစ်နိုင်ငံအနေဖြင့် ၎င်းတို့၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ပြည်သူများအတွက် သာယာဝပြောရေးကို ဆောင်ကြဉ်းရန် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ပြောကြားခဲ့သည်။ ခေါင်းဆောင်ကင်ဂျုံအန်က ဘီလာရုစ်နိုင်ငံအပေါ် ထောက်ခံမှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။

 

ပူးပေါင်းဆောင်ရွက်

 

ထို့ပြင် ခေါင်းဆောင်နှစ်ဦးက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်၍ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်အပြင် စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် သတင်းအချက်အလတ်စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် များကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်