ဘီးလင်း ဩဂုတ် ၇
ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၅ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၀၂၂ အထက် ကျော်လွန်မြင့်တက်ခဲ့သည့်အတွက် ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ အနိမ့်ပိုင်းဒေသမှ ပြည်သူများအား မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာမှ တာဝန်ရှိသူများက ရေဘေးရှောင် စခန်းများ ဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချထားပေးခဲ့ရကြောင်း သိရသည်။
ယခုအခါ ဘီးလင်းမြစ်ရေသည် ပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် ရေဘေးရှောင် စခန်းများတွင် နေထိုင်လျက်ရှိသည့် အိမ်ထောင်စု ၂၀၅ စုမှ လူဦးရေ ၇၆၈ ဦးတို့သည် မိမိတို့၏နေအိမ် အသီးသီးသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်ကြပြီဖြစ်သဖြင့် ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခုအားလည်း ယနေ့နံနက်ပိုင်းမှစ၍ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


