နေပြည်တော် ဇန်နဝါရီ ၁၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန် ကျေးရွာအနီးသို့ ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီခန့်က တပ်မတော်က လက်နက်ကြီးပစ်ခတ်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းနှင့် စေတီတစ်ဆူ လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း ကောလာဟလ သတင်းတု၊ သတင်းမှားများကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့် ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်းတာပန်ကျေးရွာအနီးရှိ လုံခြုံရေးစခန်းတစ်ခုအား လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများပူးပေါင်းအဖွဲ့က အဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တို က်ခိုက်မှုများကြောင့် ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာအတွင်း ထိမှန်ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး အဆောက် အအုံအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အလားတူ မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ် သုံးခွကျေးရွာအတွင်း ဇန်နဝါရီ ၁၆ ရက် ည ၆ နာရီခွဲ ခန့်က တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာနယ်မြေလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၆ ရက်တွင် သိမ်ဇရပ်မြို့နယ်အတွင်း ပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွား မှုများ မရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေး မီဒီယာများအနေဖြင့် မြို့ရွာများ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူများမှ နယ်မြေဒေသလုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းမှားများကို ရေးသားဖြန့်ဝေနေခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်