ဘီးလင်း ဩဂုတ် ၇
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးတွင် အသုံးပြုရန်အတွက် Oxygen Concentrator စက်များ ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ် ၆ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဇုတ်သုတ်တိုက်နယ် ဆေးရုံတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဇုတ်သုတ်ကျေးရွာ ကျိုက်ထီးဆောင်း ဒုတိယဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ က Olive အမျိုးအစား 10 Lit Oxygen Concentrator ငါးလုံးကို ဇုတ်သုတ် တိုက်နယ်ဆေးရုံသို့ လည်းကောင်း၊ Tzu CHI Buddhist Foundation (Taiwan) မှ Owgets အမျိုးအစား 10 Lit Oxygen Concentrator (၁၀) လုံးကို မြို့နယ် ပြည်သူ့ဆေးရုံသို့လည်းကောင်း လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းနှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
