ဘီးလင်း ဖေဖော်ဝါရီ ၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်က အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
သင်တန်းတွင်အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ် ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်၊ မီးငြှိမ်းသတ်ရေး ဘာသာရပ်များကို လေးပတ်ကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


