ဘီးလင်း ၆ စက်တင်ဘာ
ဘီးလင်းမြို့နယ်တွင် စက်တင်ဘာ ၄ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ် ရပ်ကွက် မြေနိမ့်ပိုင်းအချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၂ ခုရှိ အိမ်ထောင်စု ၂၆ စု၊ လူဦးရေစုစုပေါင်း ၁၂၆ ဦး တို့အား တာဝန်ရှိသူများက ရေဘေးကယ်ဆယ်ရေးစခန်း ၄ ခု သို့ ပြောင်းရွှေ့ နေရာချထားပေးလျက်ရှိကြောင်း သိရသည်။
ဘီးလင်း(ပြန်ဆက်)


