ခါတွမ် ၂၁ ဇန်နဝါရီ 

 

ဗဟိုအာဖရိကပြည်ထောင်စုအစိုးရများနှင့် အတိုက်အခံအဖွဲ့အစည်း ၁၄ ခုတို့အကြား နောက်ထပ်ငြိမ်းချမ်း ရေးဆွေးနွေးပွဲများကို ဆူဒန်မြို့တော် ခါတွမ်၌ လာမည့် ရက်သတ္တပတ်တွင် လက်ခံကျင်းပသွားရန်ရှိကြောင်း ဆူဒန်အစိုးရက စနေနေ့ကကြေညာခဲ့သည်။

 

ဗဟိုအာဖရိကပြည်ထောင်စုအစိုးရနှင့် အတိုက်အခံ အဖွဲ့အစည်း ၁၄ ခုတို့သည် လာမည့်ဇန်နဝါရီ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ညှိနှိုင်းဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်ဟု ဆူဒန်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဒါဒီရီ မိုဟာမက် အာမက်က သတင်းစာရှင်းလင်း ပွဲတစ်ခု၌ ပြောကြားခဲ့သည်။

 

အာဖရိက ပြည်ထောင်စု၏ အရိပ်အာဝါသအောက်တွင် ညှိနှိုင်းဆွေးနွေးမှုများသည် ဗဟိုအစိုးရ၏လုပ်ပိုင်ခွင့်များကို ဒေသအစိုးရသို့လွှဲပြောင်းပေးသည့်အုပ်ချုပ်မှုကိစ္စ၊ လွတ်ငြိမ်း ချမ်းသာခွင့်ကိစ္စနှင့် တိုက်ခိုက်ရေးအဖွဲ့များ ပြန်လည် ပေါင်းစည်းမှုနှင့် နိုင်ငံရေးပါတီများ ပါဝင်ပတ်သက်မှု ကိစ္စရပ်များကို ဆွေးနွေးသွားကြရန် ရည်ရွယ်ထားကြောင်း အာမက်က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၁၈ ဩဂုတ်လအတွင်းက ဗဟိုအာဖရိကပြည်ထောင်စုအစိုးရ၏ ဆီလီကာ လက်နက်ကိုင်အုပ်စုနှင့် အတိုက်အခံဘလာကာ စစ်သွေးကြွအုပ်စုတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခါတွမ်၌ လက်ခံကျင်းပခဲ့သည်။

 

ဆင်ဟွာ