ဒီဇင်ဘာ ၁၆

 

ဒီဇင်ဘာ ၁၄ ရက်တွင် ကျ‌ရောက်သည့် သွေးလှူရှင်များနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဗိုလ်သုန်လမ်း၊ အမှတ်(၄၉)ရပ်ကွက်တွင် နေထိုင်သော အကြိမ်(၁၀၀)နှင့်အထက် သွေးလှူရှင်များဦးစီးသော ဒါနဥပပါရမီ သွေးလှူရှင်များအသင်း(ရန်ကုန်) အသင်း၏ဥက္ကဋ္ဌ ဖြစ်သူဦး ကျော်သိန်း(လူမှုထူးချွန်) (ပထမ)ဆင့်၊ ခန္ဓာကိုယ်နှင့် မျက်ကြည်လွှာ အလှူရှင်သည် ဒီဇင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီက ဗဟိုအမျိုးသားသွေးဌာန(ရန်ကုန်)၌ (၁၅၄)ကြိမ်မြောက် ဇီဝိတဒါန သွေးလှူဒါန်းခဲ့‌ကြောင်း သိရှိရသည်။

 

ကျော်ဆန်း