ရန်ကုန် ၁၇ မတ်

 

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) COVID-19 ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွင် အသုံးပြုရန် လိုအပ်သော စက်ပစ္စည်းများနှင့် ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဆေးရုံကြီး၌ ကျင်းပသည်။

 

လှူဒါန်းပွဲတွင် IBPC နှင့် GGIH ဥက္ကဋ္ဌ ဦးအိုက်ထွန်းနှင့် အလှူရှင်များက COVID-19 ရောဂါကာကွယ်ကုသရေး လုပ်ငန်းအတွက် ငွေကျပ်သိန်း ၅၅၀ တန်ဖိုးရှိ စက်ပစ္စည်းများ၊ PPE ဝတ်စုံများ၊ Surgical Mask များ၊ အောက်စီဂျင်ဘူးများနှင့် လက်သန့်ဆေးရည်များကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

သတင်း- ရီရီမြင့်

ဓာတ်ပုံ- ဇော်မင်းလတ်