ဆန်ဖရန်စစ္စကို ဒီဇင်ဘာ ၁၁

ဘိုအင်းကုမ္ပဏီသည်  သပိတ်မှောက်မှုကြောင့်   ပူဂတ်ဆောင်းဒေသရှိ  ၎င်း၏စက်ရုံများကို ရပ်နား ထားရပြီးနောက် ရန်တန်မြို့တွင်   737    MAX    လေယာဉ်ထုတ်လုပ်မှု  ပြန်လည်စတင်ပြီဟု ဒီဇင်ဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။

767၊ 777 နှင့် 777X လေယာဉ်ထုတ်လုပ်မှုများကို  ပြန်လည်စတင်ရန်လည်း ဘိုအင်းကုမ္ပဏီက မျှော်မှန်းထားသည်။   ကုမ္ပဏီသည် ၎င်း၏လေယာဉ်များ မှာယူမှုနှင့် ပို့ဆောင်မှုအသေးစိတ် လစဉ် ကြေညာချက်ကို ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

စက်ပိုင်းဆိုင်ရာ ပညာရှင်များ၏ သပိတ်မှောက်မှုအပြီးတွင်  ဘိုအင်းကုမ္ပဏီသည် နိုဝင်ဘာလ အတွင်း လေယာဉ်   ၁၃   စင်းကို တင်ပို့နိုင်ခဲ့သည်။  အဆိုပါ  အရေအတွက်သည်  လွန်ခဲ့သည့်နှစ် နိုဝင်ဘာနှင့် နှိုင်းယှဉ်လျှင်  အရေအတွက် သိသိသာသာကျဆင်းသွားသည်ကို တွေ့ရသည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက   ဘိုအင်းကုမ္ပဏီသည်  လေယာဉ် ၅၆ စင်း တင်ပို့နိုင်ခဲ့သည်။ ကုမ္ပဏီ သည်    ထုတ်လုပ်မှုနှုန်းထားများ ပြန်လည်ရရှိရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ 

ဘိုအင်းကုမ္ပဏီသည် စက်ပိုင်းဆိုင်ရာ  ပညာရှင်များ၏ သပိတ်မှောက်မှုမစတင်မီ ဩဂုတ် လအတွင်းက အဲဗားရတ်မြို့၌ 767s  လေယာဉ်သုံးစင်း၊ 777   နှင့် 777Xs  လေယာဉ်များတစ်လလျှင် လေးစင်း ထုတ်လုပ်နိုင်ခဲ့သည်ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။            

ဆင်ဟွာ