ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးကွက်သို့ ထိုင်းဘတ် သန်း ၅၀ ကို ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင် ရောင်းချပေးခဲ့ကြောင်း အဆိုပါမြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေး ကြေညာထားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဇန်နဝါရီ ၂ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်းရောင်းချပေးခဲ့သလို ဇန်နဝါရီ ၅ ရက်တွင်လည်း ဒေါ်လာ ၁၆ သန်း ထပ်မံရောင်းချပေးခဲ့သည်။
အလားတူ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချပေးခဲ့သဖြင့် စုစုပေါင်း သုံးကြိမ်အတွင်း ဒေါ်လာ ၃၃ ဒသမ ၉၃ သန်း ရောင်းချပေးထားပြီးလည်းဖြစ်သည်။
ထို့ပြင် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဒေါ်လာ ၉ ဒသမ ၇၂ သန်းနှင့် ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်းဖြင့် နှစ်ကြိမ်အတွင်း စုစုပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းအထိ ရောင်းချပေးထားသည်ဟု သတင်းမှတ်တမ်းများအရ သိရသည်