ဘိုကလေး ၊  ၂၁  ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်အရ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများ အားလုံးကို ဇန်နဝါရီ ၂၂ ရက်တွင် ပိုးသတ်ဆေးဖျန်းမည်ဖြစ်သောကြောင့် ဇန်နဝါရီ ၂၂ ရက်မှ  ၂၄ ရက်အထိ ဆိုင်ခန်းများအား ယာယီပိတ်ထားမည်ဖြစ်သည်။

 

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းနှင့် ဈေးဆိုင်ခန်းများ ယာယီပိတ်ထားမည့်အကြောင်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီက ဈေးတာဝန်ခံများ၊ ဈေးကော်မတီများအား ဇန်နဝါရီ ၂၁ ရက်မှ စတင်၍ အသိပေး ကြေညာထားပြီး ဇန်နဝါရီ ၂၅ ရက်တွင် ဈေးဆိုင်ခန်းများ အားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

မိုးစက်(ဘိုကလေး)