နေပြည်တော်  ၃၁   အောက်တိုဘာ 

သစ်တောဦးစီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ဖြင့် သတင်းပေးပို့ချက်အရ အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ တိုင်းဒေသကြီးများတွင် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

 

ေ

 


ထိုသို့ဆောင်ရွက်ရာ၌ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဒိုက်ဦး-ဥသျှစ် ကုန်းလမ်း အညာစုကျေးရွာအတွင်းရှိ ယာဉ်နှစ်စီးပေါ်မှ ပိတောက်ခွဲသား ၁၅ ဒသမ ၂၄၀၆ တန်ကိုလည်းကောင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် (၇)မိုင်ရွာတောင်ဘက် ချောင်းဘေးနေရာ နှင့်(၈)မိုင်ရွာမြောက်ဘက်တောစပ်နေရာတို့မှ ကျွန်း၊ သတီ၊ ဘင်္ဂ၊ မျောက်ငိုခွဲသား စုစုပေါင်း ၈ ဒသမ ၆၁၃၈ တန်ကိုလည်းကောင်း၊ ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၆၈/၂)အနီး မရမ်းချောင်းရွာအတွင်း FUSO UD ခြောက်ဘီးယာဉ်ပေါ်မှ ပျဉ်းကတိုးခွဲသား ၈ ဒသမ ဝ၇၅၄ တန်ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ေ

 


ထို့ပြင် ပဲခူးခရိုင် ပဲခူးမြို့နယ် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၃၃/၃)နှင့် (၃၃/၄)ကြားနေရာ၌ NISSAN DIESEL ခြောက်ဘီးယာဉ်ပေါ်မှ ပျဉ်းကတိုးခွဲသား ၇ ဒသမ ၂၃၅၂ တန်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ပင်လည်ဘူး-ကောလင်း နယ်စပ်သဲချောင်းချောင်းအနီးနေရာမှ JIANDONG မြင်းကောင်ရေ (၃၀) အင်ဂျင် တစ်လုံး၊ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ကျွန်း၊ ကညင်၊ အင်သစ်ခွဲသား စုစုပေါင်း ၂၃ ဒသမ ၉၁ တန်ကိုလည်းကောင်း ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ေ

 


ထို့အတူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဒိုက်ဦး-ညောင်ခါးရှည်ကားလမ်းနှင့် ရန်ကုန်-မော်လမြိုင်ကားလမ်းဆုံ၌ Faw ခြောက်ဘီးယာဉ်ပေါ်မှ ပိတောက်ခွဲသား ၅ ဒသမ ဝ၄၂၄ တန်၊ ပြစ်မှုကျူးလွန်သူသုံးဦးကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်  ကပ္ပနန်း ကျေးရွာအနီး ဘိုကလေးမြစ်အတွင်း၌ ပန်းတနော်ချွန်းပဲ့ထောင်တစ်စီးပေါ်မှ ကျွန်းသစ်နှင့် ပိတောက် ခွဲသား စုစုပေါင်း ၂၄ ဒသမ ၁၂၅၂ တန်နှင့် ပြစ်မှုကျူးလွန်သူလေးဦး ကိုလည်းကောင်းဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

မောင်လူမော်