ဘိုကလေး  ၃၀   ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့တွင် ကလေးစာပေပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ထူးချွန်ထင်ရှားခဲ့သော ထူးချွန်ထင်ရှား ပုဂ္ဂိုလ်များအား လေးစားအားကျ အတုယူဖွယ်ဖြစ်စေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးပြခန်း တစ်ခုဖြစ်သည့် "ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများ" ပြခန်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ လာရောက်လေ့လာသူ ပရိတ်သတ်များဖြင့် စည်းကားလျက်ရှိသည်။

 

အဆိုပါ ပြခန်းသို့ ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ လာရောက်လေ့လာလျက်ရှိကြောင်း ပြခန်းတာဝန်ခံ အထက(၂) ကျောင်းမှ အထက်တန်းပြ ဆရာဦးအောင်အာင် နှင့် အထက(၁) ကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်အိသူဇာဆွေတို့၏ ပြောကြားချက်အရ သိရသည်။

 

မြင့်မြင့်ခိုင် (ပြန်/ဆက်)