ဘိုကလေး ဖေဖော်ဝါရီ ၁၆
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အခြေစိုက်တော်ဝင်ဧရာ မြန်မာ့ရိုးရာ လက်ဝှေ့ကလပ်မှ စီစဉ်မှုဖြင့် ဖေဖော်ဝါရီ (၂၇)ရက်နှင့် (၂၈)ရက်နေ့တို့တွင် ဘိုကလေးမြို့နယ်၊ အားကစားခန်းမ၌ “ဘိုကလေးမြို့မှ လက်ခမောင်းသံ” ကရင်၊ မွန်၊ မြန်မာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါ လက်ဝှေ့စိန်ခေါ်ပွဲတွင် ငါးချီစိန်ခေါ်ပွဲအဖြစ် သန့်ဇင်(တော်ဝင်ဧရာ) နှင့် လှလေးစိန် (AMT-2)၊ ဒေါင်းဖြိုးဝေ(ဒေါင်းမြန်မာ)နှင့် ခေတ်သစ်စိန်( Pyphon MMA)တို့ ပါဝင်ထိုးသတ်ကြမည် ဖြစ်ပြီး လေးချီ စိန်ခေါ်ပွဲတွင် ရိုးရိုးလေး (တော်ဝင်ဧရာ)နှင့် ဖြိုးကိုကို (ဒီနစ်)၊ ဗိုလ်မထား (တော်ဝင်ဧရာ)နှင့် မောင်ဇော်(ဟံသာဝတီ)၊ အားမာန်(ရာထရာ)နှင့် ဒေါင်းရာဇာ(ဒေါင်းမြန်မာ)၊ စိုးလင်းထွန်း (APP)နှင့် ဒေါင်းသဲလေး(ဒေါင်းမြန်မာ) တို့ ပါဝင်ထိုးသတ်ကြမည်။
သုံးချီ စိန်ခေါ်ပွဲများတွင် ကျော်ထက်နှင့် လပြည့်လေး၊ ရဲကျော်စွာနှင့် ထွန်းလင်းမောင်၊ ဗလနှင့် လင်းထက်၊ ဇ နှင့် အောင်အောင်၊ နိုင်းဝင်းနှင့် ရှိုင်းတို့၏ ပွဲစဉ်များ အပြင် အခြားသော ဝါ သနာရှင်များ၏ ကြားပွဲများလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
မိုးစက်(ဘိုကလေး)