ဘိုကလေး ၁၅ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အဖြူရောင်နှလုံးသားများ လူမှုအကျိုးပြုအဖွဲ့မှ ဘိုကလေးမြို့နယ်၊ ဗြူးစခန်းကျေးရွာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပရဟိတအဖွဲ့နှင့် သုခဝေဖြာပရဟိတဖောင်ဒေးရှင်းသို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် PPEဝတ်စုံ များနှင့် အောက်စီဂျင်ဘူးများအား ယမန်နေ့ညနေပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။
လှူဒါန်းပေးအပ်ရာတွင် ဗြူးစခန်းကျေးရွာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပရဟိတအဖွဲ့သို့ PPEဝတ်စုံ(၁၀)စုံ၊ အောက်စီဂျင်ဘူး(၅)ဘူးနှင့် သုခဝေဖြာ ပရဟိတအဖွဲ့သို့ PPEဝတ်စုံ(၅)စုံ၊ အောက်စီဂျင်ဘူး(၁၀)ဘူး လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ အလှုရှင်အဖွဲ့အား ပရဟိတ အသင်းများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)


