ဘိုကလေး၊ ၁၇  ဒီဇင်ဘာ 


    
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကာ အမျိုးသား အလွတ်တန်းဘောလုံး အခြေခံစွမ်းရည်ပြိုင်ပွဲအား ဒီဇင်ဘာ (၂၃)ရက်မှ ဒီဇင်ဘာ(၂၇)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။


    
ပြိုင်ပွဲအမျိုးအစားများမှာ ဘယ်/ညာ ခြေခုံထိန်း၊ ဘယ်/ညာ ဒူးထိန်း၊ ခေါင်းထိန်းကစားနည်းများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တစ်မျိုးလျှင် (၂)မိနစ် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ဘိုကလေးမြို့နယ်အတွင်း နေထိုင်သူများသာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ပြိုင်ပွဲစည်းကမ်း အသေးစိတ်များအား မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် စုံစမ်းမေးမြန်းနိုင်ကာ ပြိုင်ပွဲဝင်အသီးသီးအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအပြင် နှစ်သိမ့်ဆု(၃)ဆု ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

 

အဆိုပါ ပြိုင်ပွဲအားကိုဗစ်-၁၉ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးနှင့် ဘောလုံးအားကစား ပညာရပ် တိုးတက်မြင့်မားလာစေရေးကို ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

မိုးစက်(ဘိုကလေး)