ဘိုကလေး ဖေဖော်ဝါရီ ၂၆
၂၀၂၄ ခုနှစ် မတ် ၁၁ ရက်မှ ၁၉ ရက်အထိ နိုင်ငံတစ်ဝန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီး၌ တက္ကသိုလ်ဝင် စာမေးပွဲ ပြုလုပ်သွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် စာစစ်ဌာန ရှစ်ခုဖွင့်လှစ်၍ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ စာစစ်ဌာနများမှာ ဘိုကလေးမြို့ အထက(၁) စာစစ်ဌာနနှင့် အထက(၂) စာစစ်ဌာန၊ အထက-မြင်းကကုန်း၊ အထက-စက်ဆန်း၊ အထက-အောက်လှည်းဆိပ်၊ အထက-ဟေမာန်၊ အထက-ရုပ်ဆိုင်၊ အထက-ပေချောင်းကြီး စာစစ်ဌာနများ ဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘိုကလေးမြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၇၈၀၊ ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသား ကျောင်းသူ၂၆ ဦးစုစုပေါင်း ၈၀၆ ဦးရှိကြောင်း ဘိုကလေးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မိုးစက်(ဘိုကလေး)