ဘိုကလေး  ၃၀  အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ မြသိန်းတန် ကျေးရွာအုပ်စု၊ အေးရွာကျေးရွာနှင့် ကံကုန်းကျေးရွာတို့တွင် ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မြသိန်းတန်ကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာနေ ဦးဝင်းရွှေ၏ နေအိမ်၊ အေးရွာကျေးရွာရှိ ဦးညွန့်ဝင်း၏ နေအိမ်နှင့် ဦးသိန်းတန် နေအိမ်တို့ ပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

ချောင်းဗြဲကြီးကျေးရွာတွင် ယမန်နေ့ ညပိုင်းကလည်း မိုးရွာသွန်းပြီး မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ် တစ်လုံး ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)