ဘိုကလေး၊ ၂၃ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း ဘိုကလေးမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ မသန်စွမ်းသူ ၁၈၇၂ ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ထောက်ပံ့ ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးရာတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ ဉာဏ်ရည်မသန်စွမ်းသူများ၊ ဆွံ့အနားမကြားသူများ နှင့် မျက်မမြင်သူများအား ထောက်ပံ့ပေးခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ထောက်ပံ့ရန် ကျန်ရှိသည့် မသန်စွမ်းသူ ၇၈၇ ဦးအား ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)


