ဘိုကလေး   ဒီဇင်ဘာ   ၂၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်တရားသူကြီး၊ မြို့နယ်တရားသူကြီးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေးက အမှာစကား ပြောကြားကာ မှုခင်း စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် အသုံးပြုမည့် ပုံစံများကို မြို့နယ်တရားသူကြီး ဒေါ်ဝင်းအိအိထွေးက ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဖျာပုံခရိုင် ဒုတိယတရားသူကြီး ဦးဝင်းထွဋ်အောင်က ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)