ဘိုကလေး   ဒီဇင်ဘာ   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ ဝန်းကျင်တွင် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ပြည်သူများ ပူးပေါင်းကာ သန့်ရှင်းရေ းဆောင်ရွက်ကြသည်။

ဆောင်ရွက်ရာတွင် ဆေးရုံဝင်း အတွင်းနှင့် အပြင်ဘက်မှ ခြုံနွယ်များ ရှင်းလင်းခြင်း၊ မြက်ပင် ပေါင်းပင်များ ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များနှင့် စွန့်ပစ်ပစ္စည်းများအား ကောက်ယူ သိမ်းဆည်းခြင်း လုပ်ငန်းများ ဆောင်ရွက်ကြပြီး ထွက်ရှိလာသည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် သယ်ယူရှင်းလင်းခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)