ဘိုကလေး   ၂  အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းမှ သဘာဝဘေးသင့် ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ကူညီထောက်ပံ့ ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဘိုကလေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မီးဘေး (၄)ကြိမ်၊ လေဘေး(၅)ကြိမ်၊ ကမ်းပြိုဘေး(၁)ကြိမ်နှင့် မိုးကြိုးဘေး(၅)ကြိမ်တို့တွင် ဘေးသင့် အိမ်ထောင်စု စုစုပေါင်း(၁၉)စုနှင့် မိုးကြိုးဘေးသင့်သူ(၇)ဦးအား ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။

 

ဘိုကလေးမြို့နယ်တွင် မီးဘေးဖြစ်ပွားမှု (၄)ကြိမ်ရှိခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု(၇)စုမှ လူဦးရေ (၂၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ စုစုပေါင်း ကျပ် (၇၀၀၀၀၀)၊ လေဘေး (၅)ကြိမ် ဖြစ်ပွားမှုအတွက် လေဘေးသင့်အိမ်ထောင်စု(၁၁)စုမှ လူဦးရေ (၅၄)ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုး ထောက်ပံ့ငွေကျပ် (၉၅၀၀၀၀)၊ ကမ်းပြိုဘေး(၁)ကြိမ်အတွက် ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀) တို့အပြင် ဘေးသင့် အိမ်ထောင်စု များအားလုံးအတွက် ဆန်ရိက္ခာ(၇)ရက်စာနှင့် ကယ်ဆယ်ရေး ပစ္စည်းများပါ ထောက်ပံ့ပေးအပ်နိုင်ခဲ့ ကြောင်း သိရသည်။

 

ထို့အပြင် မိုးဦး၊ မိုးနှောင်း ကာလများတွင် မိုးကြိုးဘေးကျရောက်လေ့ရှိရာ ဘိုကလေးမြို့နယ်တွင် မိုးကြိုး(၅)ကြိမ် ဖြစ်ပွားခဲ့သည့်အနက် သေဆုံးသူ(၄)ဦးနှင့် ဒဏ်ရာရသူ(၃)ဦးတို့အတွက် ထောက်ပံ့ ငွေကျပ် (၁၃၅၀၀၀၀)အား ဘေးသင့်ပြည်သူများ၏ မိသားစု လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ခဲ့ ကြောင်းလည်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

 

ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု  ဦးစီးဌာနအနေဖြင် ပြည်သူများထံအရောက် ကွင်းဆင်း၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ ယခုလက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ အသိပညာပေးလှုပ်ရှားမှုများ ကိုလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)