ဘိုကလေး ၉ ဩဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မြို့နယ်ပညာရေးမှူးရုံးမှ ယနေ့နံနက် (၁)နာရီခန့်တွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဝက်ဆိုက်(ဘ်)များမှတစ်ဆင့် အွန်လိုင်းဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘိုကလေးမြို့နယ်ရှိ စာစစ်ဌာန(၂၇)ခုတို့မှ ဝင်ရောက်ဖြေဆိုသူပေါင်း (၄၃၀၉) ဦးရှိပြီး အောင်မြင်သူ (၁၂၃၅)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း (၂၈.၆၆) ရာခိုင်နှုန်းရှိကြောင်း၊ (၆)ဘာသာဂုဏ်ထူးရသူ(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရသူ(၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရသူ(၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရသူ(၁၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရသူဦးရေ(၆၀)၊ (၁)ဘာသာဂုဏ်ထူးရသူ(၁၆၈)ဦး ရှိကြောင်းသိရသည်။

 

သက်ဆိုင်ရာ စာစစ်ဌာနများ၌ အောင်စာရင်းများကို ဩဂုတ်(၁၀)ရက်တွင် တာဝန်ရှိသူများ၏ ကြီးကြပ်မှုများဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ခုံနံပါတ်စဉ်အလိုက် ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

မိုးစက်(ဘိုကလေး)