ဘိုကလေး ၁၆ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလဖြစ်သည့်အပြင် မဟာသင်္ကနြ်ကာလဖြစ်သည့်အတွက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များအား ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် အခမဲ့ဝေငှ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီတွင် ဘိုကလေးမြို့၊ အမှတ်(၄)ရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစား (၂၇၅) ဦးတို့အား အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။
ထောက်ပံ့ပေးအပ်ရာတွင် လူထူထပ်မှုမရှိစေရေး အတွက် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ လမ်းအလိုက် အခြေခံလူတန်းစားများ၏ အိမ်အရောက် ပစ္စည်းထုတ်ယူခွင့် လတ်မှတ်များ လိုက်လံ ဝေငှပေးခဲ့ပြီး အဆိုပါ လက်မှတ်များဖြင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တစ်ဦးချင်း စနစ်တကျ ထုတ်ဝေပေးခဲ့ကြောင်း၊ ဘိုကလေးမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစားများ စားနပ်ရိက္ခာ အထောက်အပံ့ဖြစ်စေရေးအတွက် တာဝန်ရှိသူများမှ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)