ဘိုကလေး ၉    အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲ ကျေးရွာတွင် အောက်တိုဘာ ၈ ရက် ညနေ (၆)နာရီခန့်၌ အမျိုးသားတစ်ဉီး မိချောင်းဆွဲခံရမှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ လှေလုံးကွဲကျေးရွာတွင် နေထိုင်သူ ဦးနေလင်းဦး (၂၂) နှစ်သည် နေအိမ်ဆိပ်ကမ်းရှိ လှေအား ကမ်းနားရေစပ်မှနေ၍ ရေပက်ထုတ်နေစဉ် ဘယ်ဖက်ပေါင်အား မိချောင်းမှ ဝင်ကိုက်ခဲ့သဖြင့် ကမ်းပေါ်သို့လှမ်းတက်ပြေးစဉ် ဘယ်ဘက်ခါးနံဘေးအား ထပ်မံ၍ မိချောင်းမှ ထပ်မံကိုက်ခဲ့ကြောင်း၊ ရရှိခဲ့သည့် ဒဏ်ရာများအား ကဒုံကနိတိုက်နယ်ဆေးရုံတွင် ဆေးကုသ ခံယူနေကြောင်း၊ အသက်အန္တရာယ် စိုးရိမ်ရန်မရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

 

မိုးစက်(ဘိုကလေး)