ဘိုကလေး  ၁၅   သြဂုတ် 


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်အတွင်း လျှပ်စစ်မီး မရရှိသေးသည့် ထင်းအဓိက သုံးစွဲနေရသော ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာသီဥတု ပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းကာ စွမ်းအားမြှင့် မီးဖို အလုံးရေ ၆၃၀ဝ၀ အခမဲ့ ဖြန့်ဝေမည် ဖြစ်သည်။


အဆိုပါ မီးဖိုများအား ထင်းအသုံးပြုမှု လျှော့ချရေး၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်နှုန်း လျှော့ချရေး၊ အချိန်ကြန့်ကြာမှု လျော့နည်းစေရေး၊ ကျေးလက်နေလူနေမှုဘဝ မြှင့်တင်နိုင်ရေးကို ရည်ရွယ်၍ ဖြန့်ဝေမည်ဖြစ်ကြောင်း၊ စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးခြင်း စီမံကိန်း မြို့နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၊ စီမံကိန်း အကောင်အထည်ဖော်မည့်သူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကိုလည်း သြဂုတ်(၁၃)တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၇၈) အုပ်စုမှ အိမ်ထောင်စုပေါင်း ၆၃၀ဝ၀ အတွက် မီးဖိုအလုံးရေ ၆၃၀ဝ၀ အား ယခုနှစ် စက်တင်ဘာလကုန်တွင် ပြည်သူများလက်ဝယ်အရောက် အခမဲ့ ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိန်သန်းထံမှ သိရသည်။


မိုးစက်(ဘိုကလေး)