ဘိုကလေး၊ ဇွန် ၁၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်တံဆိပ် ရိုက်နှိပ်ဖော်ပြထားခြင်း မရှိသောကုန်စည်များ၊ သက်ဆိုင်ရာမှ တားမြစ်ထားသော ကုန်စည်များ၊ တရားမဝင် ကုန်စည်များ ရောင်းဝယ်ဖောက်ကား သိုလှောင်ထားခြင်း ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီ၌ အဖွဲ့စုံဖြင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

 

ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး စစ်ဆေးမှုများအပြီးတွင် ကုန်စုံဆိုင်များအား တရားမဝင် ကုန်စည်များ သိုလှောင်ရောင်းချမှု မရှိစေရေး၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်တံဆိပ် ရိုက်နှိပ်ထားခြင်းမရှိသော ကုန်စည်များ ရောင်းချမှုမရှိစေရေး လမ်းညွှန်အသိပေးမှာကြားခဲ့ကြကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)