ဘိုကလေး ၂၁ မတ်
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သော နွေရာသီ အခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းကို မတ် ၁၉ မှ ဧပြီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ သင်တန်းသား သင်တန်းသူ ၁၂၀ မှ ရိုးရာခြင်းလုံး၊ လက်ဝှေ့၊ မြန်မာ့ရိုးရာသိုင်း၊ ကြက်တောင်ရိုက်၊ ဘောလုံး စသည့် အားကစားနည်းများကို စိတ်ပါဝင်စားစွာ သင်ကြားလျက်ရှိကြောင်း ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN