ဘိုကလေး နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ပေါ်ရှိ နွမ်းပါးသီလရှင် ကျောင်း(၃) ကျောင်းအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တစ်ကိုယ်ရေ သန့်ရှင်ရေးသုံး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား ယမန်နေ့ နိုဝင်ဘာ (၁၀)ရက်နေ့ မွန်းလွဲ(၃)နာရီခန့်၌ ပေးအပ်လှူဒါန်းခဲ့သည်။

လှူဒါန်းပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးသော်ထက်အောင်မှ မြို့နယ်သာသနာရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် အတူပူးပေါင်းကာ ဆပ်ပြာတုံး၊ ဆပ်ပြာမှုန့်၊ ရေခွက်၊ အမျိုးသမီးသန့်ရှင်းရေးသုံးပစ္စည်းများ ပါဝင်သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းပုံးများ ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သီလရှင်(၆)ပါးရှိသည့် သီရိဝေယံကျောင်းအား ပစ္စည်းပုံး(၆)ပုံးနှင့် သီလရှင်(၁)ပါးစီသာရှိသည့် ဝိဇယသိင်္ဂီကျောင်းနှင့် ဇေယျသိင်္ဂီကျောင်းတို့အား တစ်ကျောင်း(၂)ပုံးစီပေးအပ်လှူဒါန်းခဲ့သည့်အပြင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကိုလည်း ပစ္စည်းပုံး(၃)ပုံး လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)