ဘိုကလေး အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်ရှိ အားကစားခန်းမတွင် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (၈/၂၂) ဆင်းပွဲ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် တာဝန်ရှိသူများက တန်းခွဲအလိုက် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းကာလတစ်လျှောက် ထူးချွန်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။ အဆိုပါ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်းသို့ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မော်ကျွန်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ အင်္ဂပူမြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၅၆၂ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)