ဘိုကလေး ၂၆ ဇန်နဝါရီ
ဖျာပုံခရိုင်၊ ဘိုကလေးမြို့ အမှတ်(၇)ရပ်ကွက်၊ (၁၂)လမ်း ဖြတ်တာထောင့်တွင် ယနေ့နံနက် ၁၁ နာရီခွဲ အချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဘိုကလေးမြို့အမှတ်(၇)ရပ်ကွက်(၁၂)လမ်းနေ ဟိန်းထက်အောင်(ခ) မိုးညှင်းသူ(ခ) ကျန်ကျောင်း အသက် (၁၈) နှစ်သည် နေအိမ်တွင် အဒေါ်ဖြစ်သူအား အရက်ဖိုးတောင်းရာ မပေးသဖြင့် နေအိမ်အား မီးရှို့ခဲ့ခြင်းကြောင့်ဖြစ်သည်။ မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ် ယာဉ်(၂)စီးဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများမှ ဝိုင်းဝန်းစုပေါင်း မီးငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဟိန်းထက်အောင်(ခ) မိုးညှင်းသူ (ခ) ကျန်ကျောင်းကို ဘိုကလေးမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း ဘိုကလေးမြို့နယ် ပြန်ဆက်မှ သိရသည်။
MDN
