နေပြည်တော်၊ ဇန်နဝါရီ  ၂၉

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်‌ရေးကျောင်း၊ ရန်ကုန်တွင် လေးထပ်ဆောင် တစ်လုံး တည်ဆောက်ခြင်း လုပ်ငန်းအတွက် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် ၄၆၁ ဒသမ ၄၁၄ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Asia Destiny ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် လျက်ရှိသည်။

 

အဆိုပါ လုပ်ငန်းကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ပုံစံ၊ စံချိန်စံညွှန်းများ ကိုက်ညီစေရေး၊ အရည်အသွေး ပြည့်မီကောင်းမွန်စေရေး၊ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ကျောင်း၏ စီမံခန့်ခွဲ ရေးအဖွဲ့နှင့် အရည်အသွေး စစ်ဆးရေးအဖွဲ့တို့မှ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနေ့ များတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်