ဒီဇင်ဘာ ၁၂

 

ဘိုလီးဗီးယားနိုင်ငံ ပိုတိုစီပြည်နယ်ရှိ မြစ်ကြီးနှစ်စင်း မြစ်ရေကြီးမှုဖြစ်ပွားသဖြင့် လူသုံးဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

 

ပိုတိုစိပြည်နယ်အစိုးရအဖွဲ့၏စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်စားရေရိက္ခာဖူလုံရေးဝန်ကြီးက ကိုတာဂီတာဒေသတွင် ရေကြီးရေလျှံမှုများဖြစ်ပွားမှုကြောင့် အသက် ၇၀ အရွယ်အမျိုးသမီးတစ်ဦး၊ အသက် သုံးနှစ်နှင့် ရှစ်နှစ်အရွယ် ကလေးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သတင်းထောက်များကို ပြောကြားသည်။

 

အဆိုပါရေကြီးမှုကြောင့် လမ်းများ၊ နေအိမ်များလည်း အများအပြားပျက်စီးခဲ့ကြောင်း ၎င်းကထပ်လောင်းပြောသည်။

 

အိမ်ထောင်စုပေါင်း ၁၅၀၀နှင့် ကျေးလက်ဒေသ ၂၅ ခုထက်မနည်း ရေဘေးသင့်ခဲ့သည်ဟု ဘိုလီးဗီးယား အရပ်ဘက်ကာကွယ်ရေးဒုတိယဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ယမန်နေ့ကပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို