ဖေဖော်ဝါရီ ၂၁
ဘိုလီးဗီးယားနိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်ုတုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၈၇၀၀ အထိရောက်ရှိသဖြင့် ထိုရောဂါကူးစက်မှုရုတ်တရက်မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီး ဂျေဆန်က ယမန်နေ့ကပြောကြားသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါကူးစက်မှုသည် ယခုနှစ် သီတင်းပတ်ခုနစ်ပတ်မြောက် ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ယင်းရောဂါကူးစက်မှုနှင့်ဆက်စပ်သေဆုံးသူ ၂၉ ဦးရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆန်တာခရုဇ်မြို့၏အရှေ့ပိုင်းဒေသတွင် ထိုရောဂါကူးစက်မှု ၇၆ ရာခိုင်နှုန်းခန့်ရှိသော်လည်း နိုင်ငံ၏ဒေသကြီးကိုးခုအနက် အခြားခြောက်ခုတို့တွင် ယင်းရောဂါကူးစက်မှုများတွေ့ရှိထားကြောင်း ဖော်ပြထားသည်။
အစိုးရအဖွဲ့သည် ဒေသတွင်းတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ခြင်များပေါက်ဖွားရာနေရာများရှင်းလင်းလုပ်ဆောင်ခြင်း၊ ထိုကူးစက်မှုကိုအချိန်မီရှာဖွေဖော်ထုတ်ခြင်းနှင့် ကူးစက်မှုဖြစ်ပွားသူများကို အထူးဂရုစိုက်ကုသပေးခြင်းတို့လုပ်ဆောင် ပေးလျက်ရှိသည်ဟု ၎င်းကဆိုသည်။
သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုသည် အဝါရောင်ခြင်အဖြစ်လူသိများသော အိဒ်ဒီးစ်ခြင်မှကူးစက်ခြင်းဖြစ်ကြောင်းနှင့် ထိုရောဂါကူးစက်မှုလက္ခဏာများတွင် ဖျားနာမှုပြင်းထန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းနှင့် အရေပြားအဖုအပိမ့်ထွက်ခြင်းတို့ပါဝင်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို