ဇန်နဝါရီ ၂၈
ဘိုလီးဗီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်ကာ မိုးရာသီကာလီအတွင်း အိမ်ထောင်စုပေါင်း ၇၆၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ၁၉ ဦးသေဆုံးကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။
နိုင်ငံ၏နယ်မြေအုပ်ချုပ်ရေးဌာနရှစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၄ မြို့ကို သဘာဝဘေးအန္တရာယ်ဒေသများအဖြစ် ထုတ်ပြန်ကြေညာထားကြောင်းနှင့် ၆၂ မြို့တွင် လူပေါင်း ၂၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ပြီး ၁၉ ဦး သေဆုံးကာ ပျောက်ဆုံးနေသူများရှိကြောင်း ပြည်သူ့ကာကွယ်ရေးဒုတိယဝန်ကြီးက ပြောသည်။
နိုင်ငံအတွင်း ယခုမိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများသည် လွန်ခဲ့သောနှစ်များက မိုးရွာသွန်းမှု၊ ရေကြီးမှုများထက်ပိုမိုများပြားခဲ့ပြီး မတ်လအထိ သို့မဟုတ် ဧပြီလအထိတိုင်အောင် ဆက်လက်တည်ရှိနိုင်ကာ ပျက်စီးဆုံးရှုံးမှုပိုမိုများပြားနိုင်သည်ဟု ၎င်းက ဒေသန္တရမီဒီယာကိုပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို