၁၉ အောက်တိုဘာ
ဘိုလီးဗီးယား ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဂုဏ်ယူစွာ ပြောကြားပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ပြီးဆုံးခဲ့ပေမယ့် ရွေးကောက် ပွဲရလဒ်ကိုတော့ စိတ်ရှည်လက်ရှည်စောင့်ရန် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်း လိုက်ပါတယ်။
ဘိုလီးဗီးယားရဲ့ ကြားဖြတ်သမ္မတက ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံခြင်း မရှိတာကို တွေ့ရပါတယ်။ ကြားဖြတ်သမ္မတကလည်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနည်းတူ ရွေးကောက်ပွဲ ရလဒ်ကို စိတ်ရှည်စွာ စောင့်ကြဖို့နဲ့ နိုင်ငံသားတွေကို ပြောကြားပါတယ်။
နိုင်ငံပြင်ပမှာ ရောက်နေတဲ့ သမ္မတဟောင်း အီဗို မိုရာလေးကတော့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ရွေးကောက်ပွဲ ရလဒ်ကို ထုတ်ပြန်ဖို့ ငြင်းဆန်နေတာဖြစ်ပြီး တစ်ခုတစ်ခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း ဆိုရှယ်မီဒီယာ တွစ်တာမှာ စွပ်စွဲ ပြောဆိုရေးသားထားပါတယ်။
ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လက်ဝဲယိမ်း သမ္မတဟောင်းရဲ့ အခန်းကဏ္ဍဟာ မနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ ရလဒ်မှာ အငြင်းပွားစရာ ဖြစ်ခဲ့ပြီးနောက် မိုရာလေးက နိုင်ငံကနေ ထွက်ပြေးခဲ့ပြီးနောက် သမ္မတ တာဝန်က နုတ်ထွက်ခဲ့ပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သမ္မတဟောင်းရဲ့ ပါတီ ဆိုရှယ်လစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်း လူးစ် အာရေ့ ဟာ ရှေ့တန်းမှပြေးနေပြီး အရေအတွက် ပြိုင်ဘက်ဟာ Citizens' Community ပါတီမှ သမ္မတဟောင်း ကာလို့စ် မီဆာဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ သမ္မတ၊ ဒုသမ္မတ နဲ့ ပါလီမန်ရဲ့ ၁၆၆ နေရာ အတွက် ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပတဲ့ တနင်္ဂနွေနေ့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၄၈ နဲ့ သေဆုံးသူ ၂၄ ဦး ရှိခဲ့ပါတယ်။ ဘိုလီးဗီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၃၉,၇၁၀ ဦးနဲ့ သေဆုံးစုစုပေါင်း ၈,၄၆၃ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
