ဘိုလီးဗီးယားသမ္မတဟောင်းရဲ့ ရုပ်တု ဖြုတ်ချခံရ

၁၅ ဇန်နဝါရီ

 

ဘိုလီးဗီးယား သမ္မတဟောင်း အီဗိုမိုရဲလက်စ်ဟာ လာဘ်ပေးလာဘ်ယူမှု ရှိတယ်လို့ သံသယရှိခံရသူ ဖြစ်ပါတယ်။သူ့ရဲ့ ရုပ်ထုကို ကိုချာဘန်ပါ ပြည်နယ်ရှိ အားကစားရုံ တစ်ရုံမှာ ထားရှိခဲ့ရာ အဲဒီရုပ်ထုကို ဇန်နဝါရီ ၁၄ ရက်က ဖြိုချခဲ့ရပါတယ်။ ကိုချာဘန်ပါ ပြည်နယ်ဟာ သမ္မတဟောင်းရဲ့ မဲဆန္ဒနယ် ဖြစ်ပါတယ်။

 

69

 

သမ္မတဟောင်းရဲ့ရုပ်တု ဖြိုချရာတွင် ရောက်ရှိနေသော အားကစားဝန်ကြီးက အားကစားရုံကို တည်ဆောက်ရာတွင်  မိုရဲလက်စ်ရဲ့ ပိုင်ဆိုင်မှုကို အသုံးပြုခဲ့တာ မဟုတ်ကြောင်း၊ ပြည်သူလူထုရဲ့ ငွေကြေးကို အသုံးပြုခဲ့ပေမယ့် အီဗိုမိုရဲလက်စ် အမည်ပေးထားကြောင်း၊ ဥပဒေမှာ အသက်ရှင်နေသေးတဲ့ လူအမည်ကို အားကစားရုံအား နာမည်ပေးခွင့်မရှိကြောင်း၊ သေဆုံးပြီးသူရဲ့ အမည်ကိုသာ ပေးခွင့်ရှိကြောင်း နဲ့ အားကစားကနေ တစ်ခုခုရအောင် လုပ်ပေးနိုင်သူ အမည်ကိုသာ ပေးခွင့်ရှိကြောင်း ပြောကြားပါတယ်။

 

2

 

အီဗို မိုရဲလက်စ်လေးဟာ ရွေးကောက်ပွဲမှာ မသမာမှုရှိခဲ့တဲ့လို့ ဝန်ခံပြီး သမ္မတတာဝန်ကနေ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် နှုတ်ထွက်ခဲ့ပါတယ်။

 

ဘိုလီးဗီးယားနိုင်ငံရဲ့သမ္မတတာဝန်ကို ၁၄ နှစ်ကြာတာဝန်ယူခဲ့တဲ့ ဌာနေတိုင်းရင်သားခေါင်းဆောင် အီဗိုမိုရဲလက်စ်ဟာ ပြီးခဲ့ ဒီဇင်ဘာလက အာဂျင်တီးနားနိုင်ငံမှာ ခိုလှုံခွင့်ရရှိပြီး အဲဒီမှာ နေထိုင်နေပြီ ဖြစ်ပါတယ်။

 

8956

 

 

MDN

ကိုးကား - AFP