ဘိုင်ဒန် သမ္မတသက်တမ်း တစ်နှစ်အတွင်း အောင်မြင်မှု၊ စိန်ခေါ်မှုများ ကြုံတွေ့

ဝါရှင်တန် ဇန်နဝါရီ ၂၁

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ သမ္မတသက်တမ်း တာဝန်ယူမှု တစ်နှစ်တာကာလတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးရေးအတွက် ကြိုးစားဆောင်ရွက်မှုများတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း အမျိုးသားစည်းလုံးညီညွတ်ရေး ရရှိရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သည်။

 

သမ္မတသက်တမ်း တစ်နှစ်ကာလတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ နှစ်နာရီ ကြာခဲ့သည်။

 

ဘိုင်ဒန်က စိန်ခေါ်မှုများနှင့် ပြည့်နေသည့်နှစ်ဟု ပြောကြားလိုက်သလို တိုးတက်မှုတွေလည်း အများအပြား ရှိခဲ့သည့်နှစ်ဟု ပြောကြားလိုက်သည်။ ။

 

သို့သော်လည်း ပြည်သူများ၏ အသက်ရှင်သန်နေထိုင်မှုဘဝကို ကိုရိုနာဗိုင်းရပ်စ်၏ အကျိုးသက်ရောက်မှုက ဆက်တိုက်လွှမ်းမိုးနေသည့် ကိစ္စနှင့်ပတ်သက်ပြီး စိတ်ရှုပ်စရာများဖြစ်နေပြီး မောပန်းနွမ်းနယ်လျက်ရှိကြောင်း ဘိုင်ဒန်က မှတ်ချက်ပြုပြောကြားသည်။

 

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး အများကြီးထပ်လုပ်ရမည် ဖြစ်ကြောင်း၊ မပြီးဆုံးသေးကြောင်း ဘိုင်ဒန်က ဆက်လက် ပြောကြားသည်။

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ပတ်သက်ပြီး လွန်ခဲ့သည့် တစ်နှစ်က ၎င်း ကတိပေးထားသည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ အများအပြား ထပ်လုပ်ရန်လိုသေးကြောင်း ဘိုင်ဒန် က ပြောကြားခဲ့သည်။

 

အင်န်အိတ်ချ်ကေ