ဝါရှင်တန် ဒီဇင်ဘာ ၉ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဒီဇင်ဘာ ၇ ရက်က နှစ်နိုင်ငံ အရေးကိစ္စများ၊ ယူကရိန်းအကျပ်အတည်းနှင့် အီရန်နျူကလီးယားသဘောတူညီမှုတို့ကို ဗီဒီယိုခေါ်ဆို ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

ခြောက်လ ဒုတိယဆွေးနွေးမှုအတွင်း ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းပြည်တွင်း အကျပ်အတည်း ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)အား အရှေ့ဘက်ကို စစ်ရေးမချဲ့ထွင်ရန် ပူတင်က ဘိုင်ဒင် ကို တောင်းဆိုလိုက်သည်။

နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်ဖန်တီးရန် ရုရှားနှင့် အမေရိကန်သံတမန်များ၏ လုပ်ငန်း ဆောင်တာများအပေါ်တားမြစ်ချက်များအားလုံးကို ဖယ်ရှားပေးရန်ပူတင်ကဘိုင်ဒင်ကို ကမ်းလှမ်းတောင်းဆို လိုက်သည်။

ဘိုင်ဒင်နှင့် ပူတင်တို့သည် ဇွန်လက ဂျီနီဗာဆွေးနွေးပွဲ၌ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက် ဇူလိုင်လတွင် ဖုန်းဖြင့် ထပ်မံဆွေးနွေးပြောကြားခဲ့သည်။

ဆင်ဟွာ