မတ် ၁၁ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပြီး လီဗာပူးအသင်းကတော့ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အတ္တလန္တာအသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ်အသင်းကတော့ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းက စပါးအသင်းကို ငါးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမ အကျော့ပွဲစဉ်တွေထဲမှာ ဂါလာတာစာရေးအသင်းရဲ့ အိမ်ကွင်းကို သွားရောက်ကစားရတဲ့ လီဗာပူးအသင်းကတော့ အဝေးကွင်းမှာ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဂါလာတာစာရေးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြအာနီ စလော့အနေနဲ့ လီဗာပူးအသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်တဲ့ ပွဲ ၁၀၀ ပြည့်ပွဲစဉ်မှာ အရှုံးရလဒ်ဖြင့်သာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
အခြားသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ နယူးကာဆယ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


