၁၄ မတ်

ကမ္ဘာတစ်ဝန်းမှာ ဘိုးရင်း 737 MAX အမျိုးအစား လေယာဉ်တွေကို ပျံသန်းခွင့် ပိတ်ပင်နေချိန်မှာ အမေရိကန်နိုင်ငံကလည်း ဗုဒ္ဓဟူးနေ့ကစပြီး 737 MAX လေယာဉ်တွေကိုလည်း မြေပြင်မှာ ရပ်ထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ 

 

1.

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အီသီယိုးပီးယားလေယာဉ်ပျံကျမှုနဲ့ အောက်တိုဘာလကပျက်ကျခဲ့တဲ့ အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုတွေမှာ ဆင်တူယိုးမှားဖြစ်တဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့တာကို သက်သေအသစ်အဖြစ် တွေ့ရှိရကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်နိုင်ငံက လေယာဉ်ထိန်းချုပ်ရေး (FAA) က 737 MAX8 နှင့် MAX 9 လေယာဉ်တွေကို ထပ်မံညွှန်ကြားချက် မရမချင်း အသုံးမပြုရန် ညွှန်ကြားထားပါတယ်။ 

အီသီယိုးပီးယားနိုင်ငံမှာ ပျက်ကျသွားသော ET 302 လေယာဉ်ရဲ့ (black box) လေယာဉ်မှ မှတ်တမ်းတင် ထားသော အချက်လက်များကို လေ့လာသုံးသပ်ရန် ပြင်သစ်နိုင်ငံကို ပို့ဆောင်ထားပါတယ်။ အဲဒီ black box ကနေ ဘာကြောင့်ဖြစ်ပျက်ဆိုတာမျိုး အချက်လက်တွေကို ရရှိနိုင်ပါတယ်။
 
လက်တလောဖြစ်ပျက်ခဲ့တဲ့ အီသီယိုးပီးယား လေယာဉ်ပျက်ကျအပြီးမှာ အမေရိကန်လေယာဉ်မှူးတွေရဲ့ MAX 8 ရဲ့ အပြုအမူပတ်သတ်ပြီး စိုးရိမ်မှုတွေကို ပြောဆိုဖူးတာကို တွေ့ရပါတယ်။ အင်ဒိုနီးရှားလေယာဉ် ပျက်ကျ အပြီးမှာ လေယာဉ်ဟာ မြေပြင်က ပျံတက်ပြီး မကြာခင်မှာ ရုတ်တရက် ထိုးကျသလိုမျိုး ဖြစ်ကြောင်း အနည်းဆုံး လေယာဉ်းမှူး ၄ ဦးရဲ့ သတင်းပို့ထားကြောင်းသိရပါတယ်။ 

အင်ဒိုနီးရှား လေယာဉ်ပျက်ကျမှုနဲ့ပတ်သတ်ပြီး လေယာဉ်ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို ပြန်လည် ထိန်းကြောင်းနိုင်တဲ့ အလိုအလျောက်လေယာဉ်ကိုထိန်းနိုင်တဲ့စနစ် နဲ့ လေယာဉ်မှူးတွေဟာ ဆက်သွယ်မှုမလုပ်နိုင်တဲ့အတွက် ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မှတ်တမ်း နှစ်ခုအရ သိရပါတယ်။ 

အီသီယိုးပီးယားမှာ ပျက်ကျသွားတဲ့လေယာဉ်ဟာ သက်တမ်း ၄ လသာ ရှိသေးတာကို တွေ့ရပါတယ်။ 

737 MAX လေယာဉ် သုံးစွဲမှုကို ရပ်ဆိုင်ထားတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ကနေဒါ၊ ကင်ညာ၊ နိုက်ဂျီးရီးယား၊လက်ဘနွန်၊ အီဂျစ်၊ ဆားဗီးယား၊ ဗီယက်နမ်၊ နယူးဇီလန်၊ ဟောင်ကောင်၊ သြစတြေးလျ၊ ယူအေအီး စတဲ့ နိုင်ငံတွေဟာ အသုံးပြုမှုရပ်ဆိုင်းရန် ဗုဒ္ဓဟူးနေ့က ထပ်မံကြေငြာတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ 

MDN
ကိုးကား - AFP