နေပြည်တော် အောက်တိုဘာ ၂၉
အလယ် အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာ သင်တန်းအမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခ ချုပ် ဦးအောင်တင်စိုးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြား ရေးမှူး အဆင့် သင်တန်းသား (၃၅)ဦးနှင့် သင်တန်းသူ (၂၉)ဦး စုစုပေါင်း(၆၄)ဦး က မတ် ၁၃ ရက်အထိ ရက်သတ္တ(၂၀) ပတ်ကြာ တက်ရောက်ကြမည်ဖြစ်သည်။
သတင်းစဉ်


