နေပြည်တော် ၇ အောက်တိုဘာ
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာဦးပွားက နိုင်ငံတော်အစိုးရမှ အရာရှိများအား စွမ်းဆောင်ရည်မြှင့်တင်ပေးမှုနှင့် လေ့ကျင့်သင်တန်းပေးမှုများကို ဆောင်ရွက်ပေးနေခြင်းသည် အုပ်ချုပ်ရေးကဏ္ဍ၏ ခေါင်းဆောင်မှု အရည်အသွေးတိုးတက်လာ စေရန်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း နိုင်ငံအတွက် အကျိုးရှိအောင် ကြိုးစားသင်ယူကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
သင်တန်းသို့ဗဟိုအဖွဲ့အစည်းနှင့်ဝန်ကြီးဌာန(၃၀)ခုမှ ညွှန်ကြားရေးမှူးအဆင့်ရှိ သင်တန်းသား (၂၆)ဦး၊ သင်တန်းသူ (၁၄)ဦးက နိုဝင်ဘာ ၂၉ ရက်အထိ ရက်သတ္တ(၈) ပတ်ကြာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


