ရန်ကုန် ၁၃ မတ်

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်း လောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၇) ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အဆိုပါ တက္ကသိုလ်  ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

 

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူများအား ပါမောက္ခချုပ်နှင့် ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ကျောင်းအုပ်ကြီး/ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)တို့က ပြည် သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာလက်မှတ်များ အပ်နှင်းခဲ့ပြီး ဆက်လက်၍ စံပြကျောင်း သားဆု၊ စာပေထူးချွန်ဆုနှင့် စာပေဂုဏ်ထူးဆု ရရှိသူများအား ဆုများပေးအပ်သည်။

 

သတင်းစဉ်