ရန်ကုန်၊ ဧပြီ ၂၅

 

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ယနေ့ နံနက် ၈ နာရီ၌ အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ်(၁၂၀)ကို Online Learning System ဖြင့်လည်းကောင်း၊ စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၂၀၀)ကို ၉ နာရီ၌ Inhouse ဖြင့်လည်းကောင်း ဖွင့်ပွဲအခမ်းအနားများ ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။

 

အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ်(၁၂၀)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား (၂၃၂)ဦး၊ သင်တန်းသူ (၃၄၀) စုစုပေါင်း (၅၇၂)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ ဩဂုတ် ၁၉ ရက် အထိလည်းကောင်း၊ စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၂၀၀)သို့ သင်တန်းသား (၂၃၁)ဦး၊ သင်တန်းသူ (၃၇၇)ဦး စုစုပေါင်း (၆၀၆)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ ဇူလိုင် ၁ ရက်အထိလည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်