ရန်ကုန်၊ မေ ၂
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်သော အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၆)နှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၄)ကို ယနေ့ နံနက် ၈ နာရီတွင် Online Learning System ဖြင့်လည်းကောင်း၊ စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ်(၈၈)ကို နံနက် ၉ နာရီ အချိန်တွင် Inhouse ဖြင့်လည်းကောင်း ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၆)သို့ သင်တန်းသား(၁၀၀)၊ သင်တန်းသူ(၉၃)ဦး စုစုပေါင်း (၁၉၃)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂ ရက်မှ အောက်တိုဘာ ၂၁ ရက်ထိလည်းကောင်း၊ အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၄)သို့ သင်တန်းသား(၁၈၀)၊ သင်တန်းသူ(၂၃၀)၊ စုစုပေါင်း(၄၁၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ လည်းကောင်း၊ စာရေးဝန်ထမ်း ကြီးကြပ်မှုတန်းမြင့်သင်တန်း အမှတ်စဉ်(၈၈)သို့ သင်တန်းသား(၅၈)ဦး၊ သင်တန်းသူ(၁၉၇)ဦး၊ စုစုပေါင်း(၂၅၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂ ရက်မှ ဇူလိုင် ၈ ရက်အထိ လည်းကောင်း တက်ရောက်ကြရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်