ပြင်ဦးလွင်   ၂၇ ဧပြီ  

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌   ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သံသယလူနာများရှိလာပါက စောင့်ကြပ်ကြည့်ရှုထားရှိရန် ဆောင်ရွက်ထားရှိမှုများကို ယနေ့ နံနက် ၉ နာရီခွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် အဖွဲ့သည် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) မှ တာဝန်ရှိသူများနှင့်အတူ သံသယလူနာများ ရှိလာပါက အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်ရန်  စီမံဆောင်ရွက်ထားသည့် စံပယ်ဆောင်၊ ဇီဇဝါဆောင်၊ ကနောင်ဆောင်၊  မဟော်သဓာဆောင် တို့၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအားစစ်ဆေးခဲ့ကာ လိုအပ်သည်များ ကို ကျန်းမာရေးညွှန်ကြားချက်နှင့်အတူ  စနစ်တကျ စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။  

 

ဇော်မျိုးထိုက် (ပြန်/ဆက်)