ပြင်ဦးလွင် ၊ ၁၅ ဒီဇင်ဘာ
နိုင်ငံဝန်ထမ်းများ၏အရည်အသွေး စဉ်ဆက်မပြတ် တိုးတက်မြင့်မားစေရေးအတွက် ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်၌ အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၈၇) ကို online learning system ဖြင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက နဝရတ်ခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဦးကျော်စိုးက online မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ သင်တန်းပို့ချမည့်ဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အနေဖြင့် ၂၀၂၀- ၂၀၂၁ လေ့ကျင့်ရေးနှစ်အတွင်း ဒုတိယအကြိမ် online learning system ဖြင့် သင်တန်းပို့ချခြင်းဖြစ်ပြီး Covid 19 ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး ICT နည်းပညာများကို အသုံးပြု၍ နိုင်ငံ့ဝန်ထမ်းအရာထမ်းငယ်များကို ပို့ချပေးခြင်းဖြစ်သည်။
အဆိုပါသင်တန်းသို့ဝန်ကြီးဌာနများမှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား သင်တန်းသူ ၁၁၃ ဉီးအား တန်းခွဲ ၂ ခုခွဲ၍ သင်တန်းကာလ ရက်သတ္တပတ် ၄ ပတ်ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။
မြတ်ဆုမွန်


